သတင်းများ

ဖားကန့်မြို့နယ် မနမှော်တွင် မြေပြိုကျမှုကြောင့် ရေမျောနစ်မြုပ်သူများအနက် သေဆုံးရုပ်အလောင်း ၃၂ လောင်းအထိ ရှာဖွေတွေ့ရှိထား
Aug 16,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မန‌မှော်ရှိ မျိုးနွယ်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန်တွင် မြေပြိုကျခဲ့မှုကြောင့် ရေကန်အတွင်း ရေမျောနစ်မြုပ်ပျောက်‌ဆုံးနေသော ရေမဆေးကျောက်ရှာဖွေသူများအနက် ယနေ့ မွန်းတည့် ၁၂ နာရီအထိ သေဆုံးရုပ်အလောင်း ၇ လောင်း ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း ၃၂ လောင်းအထိ ဆယ်ယူထားပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲမှရေကျော်ကျမှု တဖြည်းဖြည်း လျော့နည်းကျဆင်းလာ
Aug 16,2023
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခိုအားထားရသည့် ကြီးအုံကြီးဝ တမံသည် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေဝင်ရောက်မှုများတိုးလာခဲ့ပြီး တမံရေပိုလွှဲမှ နှစ်ပေကျော်ခန့် ရေကျော်ကျမှုရှိခဲ့ရာမှ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တဖြည်း ဖြည်း လျော့နည်းကျဆင်းလာကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE)ဦးစိုးတင့်ထံက သိရသည်။
စဉ့်ကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကျင်းပ
Aug 16,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၂) နာရီ အချိန်က စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းများအား ပြန်လည်တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေး
Aug 16,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီးပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းများအား ပြန်လည်တည်ဆောက်နေမှု အခြေအနေများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ယမန်နေ့ညနေပိုင်းက ၄ မိုင်ရပ်ကွက်ရှိ သန္တိသုခဘုန်းတော်ကြီးကျောင်းအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရခိုင်ပြည်နယ်မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားပြုလုပ်
Aug 16,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေး နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်မောင်တောမြို့တွင် ဝေသာလီ-ဥဒေါင်းသွားကားလမ်းပိုင်းရှိ ပျက်စီးခဲ့သော ရေထုတ်ပြွန်တံတားအား ယာယီစတီးအခင်းခင်းပြီး ယာဉ်သွားလာမှု ပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်ထားရှိ
Aug 16,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ဝေသာလီ-ဉဒေါင်းသွားကားလမ်းပိုင်းရှိ ပျက်စီးခဲ့သောရေထုတ်ပြွန်တံတားအား ယာယီစတီးအခင်းခင်းပြီး ယာဉ်သွားလာမှု ပြတ်တောက်မှုမရှိစေရေးဆောင်ရွက်ထားရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနား ပြုလုပ်
Aug 16,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ အခြေခံပညာအထက်တန်းကျောင်း ပီမီးနင်းခန်းမ၌ ကျင်းပ​ပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်
Aug 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ကြသည်။