လိပ်သို ဇူလိုင် ၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသခံပြည်သူများမှာ မိုးရာသီကာလ၌ စားဖိုဆောင်သီးနှံအမျိုးမျိုးကို မိမိတို့၏ နေအိမ်ပတ်ဝန်းကျင်နှင့် မြေလွတ်နေရာများ၌ စိုက်ပျိုးလျက်ရှိကြရာ ဂေါ်ရခါးပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိပြီး ဂေါ်ရခါးသီးများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုအထောက်အကူပြုလျက်ရှိနေကြောင်း သိရသည်။
ဒေသခံပြည်သူများသည် ဂေါ်ရခါးပင်များကို စင်ထောင်စနစ်ဖြင့် စိုက်ပျိုးကြပြီး သဘာဝမြေဩဇာကိုသာ အသုံးပြုခြင်းကြောင့် လူကြိုက်များသောသီးနှံတစ်မျိုးဖြစ်ကာ ကြော်ချက်စား၍သော်လည်းကောင်း၊ ပြုတ်စား၍သော်လည်းကောင်း၊ ဟင်းချိုအဖြစ်ချက်စားရာတွင် လည်းကောင်း အမျိုးမျိုးပြုလုပ် စားသုံးကြသည်။
ယခုမိုးရာသီကာလတွင် ဂေါ်ရခါးသီးတစ်ပိဿာလျှင် (၂၀၀ဝိ/-) ကျပ်မှ (၂၅၀ဝိ/-) ကျပ် အထိဈေးရရှိနေကြောင်း၊ ဂေါ်ရခါးပင်များသည် ရာသီမရွေးအသီးသီးသောကြောင့် စိုက်ပျိုး လုပ်ကိုင်သူများအနေဖြင့် မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်