ကျိုင်းတုံဘိုးဘွားရိပ်သာ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဆန်၊ ဆီ၊ ကြက်ဥ နှင့် အလှူငွေများ ပေးအပ်လှူဒါန်း

ကျိုင်းတုံ ဇူလိုင် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဘိုးဘွားရိပ်သာ၌ မြန်မာအမျိုးသမီးများနေ့ (အကြို) အထိမ်းအမှတ်အဖြစ် ဆန်၊ ဆီ၊ ကြက်ဥ နှင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ (ရှမ်းအရှေ့) တာဝန်ခံ ‌ဒေါ်ခင်စန္ဒာဦး၊ ကျိုင်းတုံခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဘမ်ဘီးနာ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒေဝီမေနှင့် အဖွဲ့ဝင်များက ကျိုင်းတုံဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဆန်၊ ဆီ၊ ကြက်ဥနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ကျိုင်းတုံမြို့ သီလရှင်ကျောင်းတိုက်ရှိ ဆရာလေးများအတွက် ဆန်၊ ဆီ၊ ကြက်ဥ နှင့် ဝတ္ထုအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)