သာကေတမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်သော After Lunch Tooth Brushing Activity အခမ်းအနားကျင်းပ

သာကေတ ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်သော After Lunch Tooth Brushing Activity အခမ်းအနားကို ဇူလိုင် ၁ ရက်နေ့ နံနက်(၁၀)နာရီအချိန်က​အမှတ်()အခြေခံပညာမူလတန်းကျောင်း၊ နံနက်(၁၁)နာရီခွဲအချိန်က အမှတ်(၂၁)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သာကေတမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်က အဖွင့်အမှာစကားပြောကြားပြီး၊ သာကေတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဒေါ်စုစုလွင်မှ အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကွန်စတန်မှ သွားနှင့် ခံတွင်းကျန်းမာရေး အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောခြင်း၊ အ..က()သာကေတမြို့နယ် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးအောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သာကေတမြို့နယ် ပြည်သူ့ဆေးရုံမှ သွားနှင့် ခံတွင်း ဆရာဝန်များက ကျောင်းသား၊ ကျောင်းသူများကို သွားတိုက်နည်းအား လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ သာကေတမြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သာကေတမြို့နယ် ပြည်သူ့ဆေးရုံမှ သွားနှင့် ခံတွင်းဆရာဝန်များ တတ်ရောက်ခဲ့ကြပြီး၊ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သဲထက်ဇင် (ပြန်/ဆက်)