မိုင်းခုတ် ဇူလိုင် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်ခရိုင်၊မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ရုံးဦးစီးမှူး ဒေါ်ခင်သန္တာအောင်က ခေတ်အဆက်ဆက်သမိုင်းတင်ခဲ့သော မြန်မာအမျိုးသမီးများ၏ စွမ်းပကားအကြောင်းကို ဟောပြောခဲ့ပြီး အမျိုးသမီးများဘဝဖွဲ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့် သုတ၊ ရသစာအုပ်စာစောင်များနှင့် အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသသည်။
အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်တွင် ရာဇသတ်ကြီးဥပဒေပုဒ်မများ၊ အမျိုးသမီးများအပေါ် လိုက်နာစောင့်ထိန်းရမည့်ကျင့်ထုံးနှင့် လုပ်ထုံးလုပ်နည်းများ၊ အမျိုးသမီးများအား အကြမ်းဖက်မှုနှင့်သက်ဆိုင်သည့် အမှုတိုင်တန်းနည်းများ စသည်တို့ကို အသိပညာပေးဖော်ပြထားရှိကြောင်း သိရသည်။
မိုင်းခုတ်(ပြန်/ဆက်)