မြောက်ဥက္ကလာပမြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကျင်းပ

မြောက်ဥက္ကလာပ ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (‌‌‌‌၄) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကောင်စီကတိသစ္စာခံယူပွဲကို ဇူလိုင် ၁ ရက်နေ့ နံနက် ၉ နာရီအချိန်၌ အဆို‌‌ပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက ကျောင်းကောင်စီသီချင်းအား သံပြိုင်ရွတ်ဆိုခဲ့ကြပြီး အမှတ်(၄)အခြေခံပညာအလယ်တန်း ကျောင်းအုပ်ဆရာကြီး ဦးဖုန်းနိုင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌက ကျောင်းကောင်စီအမှု‌ဆောင်အဖွဲ့ အမည်စာရင်းကို ဖတ်ကြားကာ ကျောင်းကောင်စီအဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူများက ကတိသစ္စာခံယူကြသည်။ ယင်းနောက် ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာကြီး ဦးဖုန်းနိုင်က တာ၀န်အထိမ်းအမှတ်အလံများကို သက်ဆိုင်ရာဆရာမများထံ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)