နောင်တရား ဇွန် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများ၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ဇွန်လ ၂၅ ရက်နေ့တွင် အ.လ.က မီးသွေးချောင်းကျောင်းနှင့် အ.လ.က နောင်တောကျောင်းများသို့ သွားရောက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား ကျောင်းသူ လူငယ်များအတွက် မူးယစ်ဆေးဝါး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။ အ.လ.ကကျောင်း မီးသွေးချောင်းကျောင်း၌ မြို့ဦးစီးမှူး ဦးစိုးတင့်က ကျောင်းသားနှင့် မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြစ်လည်းကောင်း၊ အ.လ.က နောင်တောကျောင်း၌ ဓါတ်ပုံ-၂ ဦးခွန်အောင်ဟန်က မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအကြောင်းကိုလည်းကောင်း ဟောပြောဆွေးနွေးသည်။
အသိပညာပေးလုပ်ငန်းများကို မူလွန်ကျောင်း၊ အ.လ.ကကျောင်းနှင့် အ.ထ.က ကျောင်းများသို့ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအကြောင်း၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးအကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်းများကို လစဉ်ကျင်းပ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)