ဘုတ်ပြင်း ဇွန် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများ၌ အသိပညာပေး ဖြန့်ဝေပေးလျက်ရှိသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တာဆီးကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာ (၂) ရပ်၊ နည်းဗျူဟာ (၃) ရပ်၊ တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုကို တာဆီးနှိမ်နင်း၊ ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင် ဆောင်းပါး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ၂၀၂၄ ခုနှစ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှု မှတ်တမ်းများ၊ မောင်ကျေးဇူးရေးသားသည့် အဆိပ်ပန်းကဗျာ၊ မူးယစ်ဆေးဝါး အသိပညားပေး ဆောင်ပုဒ်များ၊ ကာတွန်းများ ပါဝင်သည့် လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)