ချမ်းအေးသာစံမြို့နယ် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

ချမ်းအေးသာစံ  ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးအတွင်းရှိ သွေးလှူဘဏ်တွင် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယက သီရိပျံချီ ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ၏ သက်တော် (၅၇)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် (၂၈) ကြိမ်မြောက် သွေးလှူဒါန်းပွဲကို ဇွန် ၂၆ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။

အခမ်းအနားသို့ သီရိပျံချီ ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသနှင့် သံဃာတော် ၄၅ ပါး၊ သီလရှင် ၁၅ ပါး၊ သွေးလှူရှင် အမျိုးသား ၈၀၊  အမျိုးသမီး ၉၀ ၊ စုစုပေါင်း ၂၃၀ ခန့် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် သီရိပျံချီ ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသက သွေးအလှူရှင်များအား  နှုတ်ဆက်အားပေးကာ ကြက်ဥ၊ အအေး၊ ဒံပေါက်၊ အားဆေး၊ ရေနှင့် ကဗျာဗိမာန်(အမျိုးသားရေးအမြင်) စာအုပ်တို့ကို  ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်