ရေတာရှည်မြို့နယ် အ.လ.က (ခြဲ) ဘိုးတော်ကုန်းကျောင်း၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲပြုလုပ်

ရေတာရှည် ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲကို ဇူလိုင် ၁ ရက်နေ့ နံနက် (၉) နာရီအချိန်က အ.လ.က (ခြဲ) ဘိုးတော်ကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ရေတာရှည်မြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငုဝါကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၁၅၀) ခန့်တက်ရောက်ပြီး၊ ကျွန်း၊ ခေရ၊ ပိတောက်၊ ယင်းမာ၊ ဖလမ်း၊ ကုက္ကို၊ ရေမနေ၊ ဗန်ဒါ၊ မယ္ဇလီ၊ မန်ဂျန်ရှားနှင့် တည်စုစုပေါင်း ပျိုးပင် (၁၅၀) အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)