ပေါင် ဇူလိုင် ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာငြိမ်းက အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့်အန္တရာယ်ရှိအမှိုက်စသည့်အမှိုက်(၄)မျိုးတို့အား သတ်မှတ်အမှိုက်ပုံးအရောင်များအလိုက် စနစ်တကျခွဲခြားစွန့်ပစ်ရေး ဆွေးနွေးဟော ပြောသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တက်ဇာစိုးက အမှိုက်များစနစ်တကျစွန့်ပစ်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကို ကာကွယ်နိုင်မှုများကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဂျူးမြတ်ချယ်လင်းက အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းဖြင့် ရရှိမည့် ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးက အမှိုက်များကို စည်းကမ်းမဲ့မီးရှို့ခြင်းမပြုဘဲ စနစ်တကျစွန့်ပစ်ကြရေးတို့ကိုလည်းကောင်းဆွေးနွေးကြရာ တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန် လည်ဖြေကြားပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာငြိမ်းနှင့်ဝန်ထမ်းများ၊ ပေါင်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဂျူးမြတ်ချယ်လင်းနှင့် ဝန်ထမ်းများ၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး စသည့်သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်ပြသထားရာ တက်ရောက်လာသူတို့က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)