ပျော်ဘွယ် ဇူလိုင် ၁၆
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများ၊ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျောင်းစာတွင် သာမကဗဟုသုတရရှိစေမည့် စာပေများကိုလေ့လာဖတ်ရှုရန်လိုအပ်ပါကြောင်းနှင့် ရွေးချယ်ဖတ်ရှုသင့်သည့် စာပေများအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအတူ အပြန်အလှန်ရှင်းလင်းဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)