ကျောက်တလုံးကြီးမြို့၌ “အာဇာနည်နေ့ ဒို့မမေ့” အသိပညာပေးနံရံကပ်စာစောင် ပြသ

ကျောက်တလုံးကြီး ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကျောင်းသားလူငယ်များနှင့် ပြည်သူများ အာဇာနည်နေ့သမိုင်း‌အကြောင်းအရာများကို ပိုမိုသိရှိနိုင်စေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် “အာဇာနည်နေ့ဒို့မမေ့” အသိပညာပေးနံရံကပ်စာစောင်ကို မန်နေ့ ညနေ (၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြသခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အာဇာနည်နေ့ဖြစ်စဥ်သမိုင်းကြောင်းများ၊ အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိများ စသည်တို့ကို ထည့်သွင်းပြသထားကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များ၊ အသိပညာပေးအကြောင်းအရာများကို ကျောင်းသား/သူများ၊ ပြည်သူများ ပိုမိုသိရှိ‌စေရေး အသိပညာပေးလုပ်ငန်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း