သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

သံတောင်ကြီး ဇူလိုင် ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးက(၇၇)အာဇာနည်နေ့အထိမ်းအမှတ်‌ဟောပြောပွဲပြုလုပ်ရခြင်းနှင့် အမှာစကားပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်နှင့်ပွင့်စိုးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ အာဇာနည်ခေါင်းဆောင် (၉)ဦး၏အတ္ထုပတ္တိများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများစသည်တို့ကို ဟောပြောပေးခဲ့သည်။

ထို့နောက်(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲကို ကျင်းပပြီး ဆုရကျောင်းသူ/ကျောင်းသားများအား ဇူလိုင်(၁၉)ရက်နေ့အာဇာနည်နေ့ အခမ်းအနားတွင်ဆုများ ပြန်လည်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ