ဟုမ္မလင်း ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခြင်းကို ဇူလိုင်(၁၁)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက် မြေအနိမ့်ပိုင်းနေ ရေဘေးသင့်အိမ်ထောင်စု (၁၄၁)စု၊ ကျား(၂၃၇)၊ မ(၂၉၆)ဦး၊ ပေါင်း(၅၃၃)ဦးတို့အား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဥ်ဖြင့် ဟုမ္မလင်းမြို့၊ နောင်ပကျစ် ရပ်ကွက်တောင်ပေါ် ၊ သာသနာ့မဏ္ဏိုင်ဘုန်းတော်ကြီး (အေးသုခဇရပ်) အ.ထ.က(၁) ကျောင်း၊ ဘုရားငါးဆူးဘုန်းကြီးကျောင်းတို့တွင် ရွှေ့ပြောင်းခြင်းများ ပြုလုပ်ပေးခဲ့သည်။
ဟုမ္မလင်းမြို့တွင် ဇူလိုင်လ(၃)ရက်နေ့မှ ယနေ့အထိ ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ချင်းတွင်းမြစ်ကမ်း ကမ်းဘေးဝဲယား မြေနိမ့်ပိုင်းရှိ ကျေးရွာအုပ်စုမှ ကျေးရွာများနှင့် ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်များမှ မြေနိမ့်ပိုင်းနေ ရေဘေးသင့်အိမ်ထောင်စု (၅၈၇)စု ရှိပြီး၊ ကျား(၁၂၆၅)ဦး၊ မ(၁၇၁၄)ဦး၊ စုစုပေါင်း (၂၉၇၉)ဦးနှင့် လယ်ယာလုပ်ငန်းခွင်သုံး နွား(၄၃၂)ကောင်တို့အား၊ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ၎င်းတို့၏ နေထိုင်ရာ ရေဘေးသင့် မြေနိမ့်ပိုင်းအရပ်မှ ဘေးလွတ်ရာ ကုန်းမြင့်ဒေသများရှိ ယာယီရေဘေးရှောင်ကယ်ဆယ်စခန်း (၁၅)ခုတို့တွင် ပြောင်းရွှေ့နေရာချ ထားပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)