အင်္ဂပူမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများပြုလုပ်

အင်္ဂပူ ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင် ၊ အင်္ဂပူမြို့နယ်၊ မြို့မ‌ဈေးနှင့် သက္ကယ်ပြင်(သံ) ကျေးရွာအုပ်စု၊ သက္ကယ်ပြင်(သံ) ကျေးရွာဈေးတို့တွင် ပြည်သူများ သဘာဝဘေးအန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အင်္ဂပူမြို့နယ်ရုံးမှ တာဝန်ရှိသူများ ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိ‌ ပညာပေးနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နေချိန်တွင် ဆောင်ရွက်ရမည့် နည်းလမ်းများ ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ အစရှိသည့်တို့ပါဝင်ကြောင်း သိရသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အင်္ဂပူမြို့နယ်ရုံးမှ ပြည်သူများ သဘာဝဘေးအန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဟောပြောပွဲများ ဆောင်ရွက်ခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ရုံးမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)