ကော့မှူး ဇူလိုင် ၁၈
မြန်မာနိုင်ငံ၏နေ့ ထူးနေ့မြတ်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commuinty Centrre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်အပေါင်းတို့ မျိုးချစ်စိတ်ဓာတ်၊ မြင့်မြတ်သောစိတ်ထား၊ တိုင်းပြည်အပေါ် စေတနာအမှန်ဖြင့် လွတ်လပ်ရေးရရန်ကြိုးပမ်းခဲ့သည့် အာဇာနည်တို့ ဂုဏ်ရည်ကို အလေးထားတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ဟောပြောပွဲများ၊ အားကျင်းပပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စာကြည်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် အတွင်းရေးမှူး ဦးခင်ဇော်က အာဇာနည်နေ့ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်းအကျဉ်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လွတ်လပ်ရေးရရှိရန် နေ့မအားညမနားကြိုးပမ်းဆောင်ရွက်မှုများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျေးဇူးတရားကို မမေ့ကြရန်၊ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးချွေးပေးခဲ့ရသည့် လွတ်လပ်ရေးကို အစဉ်အမြဲတည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ကြရန်၊ ကျောင်းသား/ကျောင်းသူလူ ငယ်များအနေဖြင့် နိုင်ငံတော်အစိုးရ၏ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် အသိရှိရှိစေတနာရှိရှိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် အာဇာနည်ကြီးများ၏ အထ္ထုပ္ပတ္တိအကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များ ပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်သူရ