တံတားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများကျင်းပ

တံတား ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများ၌ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်(၁၀)ဦး ၊ အလယ်တန်းအဆင့်(၁၂)ဦးနှင့် မူလတန်းအဆင့်(၈)ဦးတို့ကလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်(၁၀)ဦး၊ အလယ်တန်းအဆင့်(၁‌၀)ဦးနှင့် မူလတန်းအဆင့်(၅)ဦးတို့ကလည်းကောင်း အသီးသီးစိတ်ဝင်တစား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ဆုရကျောင်းသား/ကျောင်းသူများကို (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)