ညောင်ဦး ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသတွင်းစိမ်းလန်းစိုပြည် သာယာလှပစေရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီ ခွဲအချိန်က ညောင်ဦး-ကျောက်ပန်းတောင်း သွားကားလမ်းဘေး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးဝင်းအတွင်း စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက် လာကြသူများအား စိုက်ပျိုးမည့်သစ်ပင်များပေးအပ်သည်။
ယင်းနောက် ညောင်ဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန့်သီတာချိုစင်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်-၆နှင့်ဝန်ထမ်း များ၊ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား/သူများက မန်ကျည်း၊ သပြေဘူတ၊ တမာ၊ ခရေ၊ ပိတောက် ၊ပဲချယ်ရီနှင့်ယူကလစ်ပင်စသည့် စိုက်ပျိုးပင်ပေါင်း (၁၆၂)ပင်အား၊ လူဦးရေ(၁၁၇)ဦးဖြင့် စိုက်ပျိုးခဲ့ကြပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလအတွင်း လမ်းဘေးဝဲယာ တစ်အုပ်တစ်မ စိုက်ပျိုးပင်ပေါင်း (၅၈၅၀)ပင်၊ တစ်ရွာနှစ်ဧကစိုက်ပျိုးပင်(၆၀၀)ပင်နှင့် လူထုဖြန့်ပျိုးပင်ဖြန့်ဝေပေးခြင်း (၃၉၀၀၀)ပင်ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း