ညောင်ဦးမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဧည့်လမ်းညွှန်/ဧည့်လမ်းပြ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ညောင်ဦး ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဧည့်လမ်းညွှန်/ဧည့်လမ်းပြမွမ်းမံ သင်တန်းဆင်းပွဲ အခမ်းအနားကို ပုဂံမြို့၊ မြင်းကပါကျေးရွာ မနုဟာဘုရား၊ ဓမ္မာရုံတွင် ယနေ့နံနက် ၁၀ နာရီအချိန် ကကျင်းပခဲ့သည်။

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဧည့်လမ်းညွှန်/ဧည့်လမ်းပြ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားတွင် ဧည့်လမ်းညွှန်/ဧည့်လမ်းပြမွမ်းမံသင်တန်းနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ဆက်လက်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဧည့်လမ်းညွှန်/ဧည့်လမ်းပြ မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းက ရှင်းလင်းပြောကြားသည်။ ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ဆုရသင်တန်းသားများအား ဆုများပေးအပ်ချီးမြှင့်ကာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ မြို့နယ်ဦးစီးမှူး ဦးညီညီဦးတို့က သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကြကာ သင်တန်းဆရာ၊ ဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း