(၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဗိုလ်တထောင် ဇူလိုင် ၁၈

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)ဦးမျိုးဝင်းရှိန်၊ မြို့နယ်ပညာရေးမှူးဒေါ်မေအေးမြင့်တို့က အဖွင့်အမှာစကားပြောကြားကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်ဝင်းကြည်က အာဇာနည်နေ့အကြောင်း သိကောင်းစရာအကြောင်းဟောပြောခြင်း၊ မြို့နယ်တိုင်းရင်းမှူး ဒေါ်အေးချမ်းမိုးက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးသန်းဌေးက လူငယ်နှင့်အားကစားအကြောင်း အသီးသီးဟောပြောကြကြောင်း သိရှိရသည်။

ဟောပြောပွဲအပြီးတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့်အဖွဲ့ဝင်တို့က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြို့နယ်တိုင်းရင်းဆေးမှူးမှ ကျောင်းသားကျောင်းသူများအား အခမဲ့ဆေးကုသပေးခြင်း၊ ကျောင်းအတွက်တိုင်းရင်းဆေးများ လှူဒါန်းခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့အထိမ်းအမှတ် မှတ်သားစရာနံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်များအား စိတ်ဝင်စားစွာကြည့်ရှုကြသည်။

ထိုအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အားကာမှူး၊ မြို့နယ်တိုင်းရင်းဆေးမှူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားကျောင်းသူများ၊ အမှတ်(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်ဝင်း( ပြန် / ဆက် )