သတင်းများ

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်
Jul 24,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌  မြို့နယ်မှစာရေးဆရာများနှင့် ကျောင်းသားလူငယ်များ ပါဝင်သော  ရသလမ်းဆုံ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ကြောင်း သိရသည်။
မိတ္ထီလာမြို့၌ သစ်တောထိန်းသိမ်း‌ရေးနှင့်သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 24,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ သစ်တောထိန်းသိမ်းရေးနှင့်သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က အ.ထ.က(၂) ရတနာခန်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အ.မ.က(မြို့သစ်)၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 24,2024
ကော့မှူးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း အ.မ.က (မြို့သစ်)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများတွင် ချည်မျှင်ရှည်ဝါနှင့်ဝါကြီးများစိုက်ပျိုး
Jul 24,2024
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူများ၏ လယ်ယာမြေများတွင် ပြီးခဲ့သည့်ဇွန်လလယ်ပိုင်းကစတင်၍ ချည်မျှင်ရှည်ဝါနှင့်ဝါကြီးများကို စိုက်ပျိုးလျက်ရှိကြောင်း ဝါစိုက်ပျိုးသည့်တောင်သူများထံမှသိရသည်။
ရွှေတောင်မြို့နယ်၊ တောင်လုံးညိုကျေးရွာတွင် နိုင်ငံတော်မှမတည်ငွေကျပ်သိန်း (၁၅၀) ဖြင့် စာကြည့်တိုက်အသစ် တည်ဆောက်ဖွင့်လှစ်မည့်မြေနေရာအား ပန္နက်ရိုက်မင်္ဂလာပြုလုပ်
Jul 24,2024
မြန်မာနိုင်ငံတစ်ဝန်းရှိစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ငွေကျပ်သိန်း (၁၅၀) ဖြင့် စာကြည့်တိုက် အသစ်တည်ဆောက်ဖွင့်လှစ်မည့် ‌ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာ စာကြည့်တိုက်မြေနေရာအား ယနေ့နံနက်ပိုင်းက ပန္နက်ရိုက်မင်္ဂလာ ပြုလုပ်ခဲ့သည်။
ကယားပြည်နယ် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 24,2024
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏အခွန်ဘဏ္ဍာငွေများ အပြည့်အဝရရှိစေရေး၊ ကောက်ခံရမည့် အခွန်အကောက်များ ကျန်ရှိမှုမရှိစေရေးအတွက် ကယားပြည်နယ် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
လိပ်သိုမြို့၌ မိုးစပါးစိုက်ပျိုးရန် လယ်ယာလုပ်ငန်းခွင်များတွင် တောင်သူများ အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ကိုင်
Jul 24,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မိုးအဆက်မပြတ် ရွာသွန်းနေပြီဖြစ်သောကြောင့် ဒေသခံတောင်သူများသည် မိုးစပါးစိုက်ပျိုးနိုင်ရန် လယ်ယာလုပ်ငန်းခွင်များတွင် အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အလှူငွေနှင့် ဆန်အိတ်များ လှူဒါန်း
Jul 24,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား စားဝတ်နေရေးအဆင်ပြေစေရန် ယမန်နေ့က ပေါ်တော်မူ(ရှင်ဖြူ)ဘုရားရေဘေးကယ်ဆယ်ရေးစခန်းတွင် ဥသျှစ်ပင်မြို့၊ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်းမှ ငွေကျပ် (၇၀၀၀၀၀/-) ကျပ်နှင့် ဦးအေးသန်း၊ ဇနီးဒေါ်ဖြူလေးမိသားစု၊ ထိုင်းနိုင်ငံမှ ဆန်များဝေငှလှူဒါန်းခဲ့ကြောင်း သိရသည်။