သတင်းများ

အခြေခံပညာအလယ်တန်းကျောင်း မွေ့ရပ်တွင် စာဖတ်ရှိန်မြင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Jul 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်းမွေ့ရပ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဟန်သူဇာဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
သာပေါင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ငဝန်မြစ်ရေကြီးဝင်‌ရောက်မှုကြောင့် ယာယီရွှေ့ပြောင်း ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့
Jul 24,2024
‌ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့် ရေဝင်လာရောက်လာမှုကြောင့် ယာယီရွှေ့ပြောင်း နေထိုင်ရာ အမှတ် (၃) ရပ်ကွက်၊ တလုပ်ကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စုများရှိ ရေဘေးသင့်ပြည်သူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့် ဆန်ရိက္ခာဖိုးများ သွားရောက်ထောက်ပံ့ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် လေးမျက်နှာမြို့နယ်အတွင်း ယာယီရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်၊ ရေကြည်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း
Jul 24,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယခုလ (၂၂) ရက်နေ့ ညနေပိုင်းက လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေကြီးမြင့်မှုကြောင့် ယာယီရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ၍ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝီသတိမ(၂၀)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိတဒါန အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပွဲ တက်ရောက်လောင်းလှူပူဇော်
Jul 24,2024
ဝီသတိမ (၂၀) ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကို ယမန်နေ့နံနက် (၄) နာရီခွဲအချိန်က ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဝိသာခါ (ဒေါ်လှယဉ်ဓမ္မာရုံ) ၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်၍ အရုဏ်ဆွမ်းလောင်းလှူခဲ့ကြသည်။
ကျောက်ဆည်ခရိုင်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jul 24,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းစာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး(ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ တိုင်းရင်းဆေးဦးစီးဌာနနှင့် ​မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အသိပညာဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသပေးခြင်းဆောင်ရွက်
Jul 24,2024
ပဲခူးတိုင်းဒေသကြီး၊  နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက အခြေခံပညာမူလတန်းကျောင်း(ညောင်ကုန်း)တွင် အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသပေးကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ မိုးစပါးစိုက်ပျိုးနေမှု အခြေအနေအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Jul 24,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မိုးစပါးစိုက်ပျိုးနေမှု အခြေအနေအား ယမန်နေ့ မွန်းတည့် (၁၂) နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံး သွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jul 24,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ်ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။