ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အလှူငွေနှင့် ဆန်အိတ်များ လှူဒါန်း

ပန်းတောင်း ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား စားဝတ်နေရေးအဆင်ပြေစေရန် ယမန်နေ့က ပေါ်တော်မူ(ရှင်ဖြူ)ဘုရားရေဘေးကယ်ဆယ်ရေးစခန်းတွင် ဥသျှစ်ပင်မြို့၊ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်းမှ ငွေကျပ် (၇၀၀၀၀၀/-) ကျပ်နှင့် ဦးအေးသန်း၊ ဇနီးဒေါ်ဖြူလေးမိသားစု၊ ထိုင်းနိုင်ငံမှ ဆန်များဝေငှလှူဒါန်းခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်အတွင်း၌ ကယ်ဆယ်ရေးစခန်း (၁၂) ခန်းဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်ပြည်သူ အိမ်ခြေ (၇၀၂) အိမ်၊ အိမ်ထောင်စု (၇၂၅) စု၊ လူဦးရေ ကျား (၁၂၄၁) ဦး၊ မ (၁၃၆၆) ဦး စုစုပေါင်း (၂၆၀၇) ရှိပြီး ၎င်းတို့အား နံနက်စာ၊ နေ့လယ်စာ၊ ညစာများ ကျွေးမွေးနိုင်ရေးနှင့် ထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များဦးဆောင်၍ သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များပူးပေါင်း၍ အလှူရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်းရေဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် ရေဘေးစောင့်ကြည့်ရေးအဖွဲ့များ၊ ရေကင်းများဖြင့် နာရီစဉ်မပြတ်စောင့်ကြည့်လျက်ရှိကြောင်းသိရသည်။

လပြည့်လင်း(ပြန်/ဆက်)