သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်
Jul 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၆ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရပ်စောက်မြို့နယ်တွင် သမဝါယမအသင်းစု ပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော အသင်းသားများအား သွင်းအားစုများပံ့ပိုးပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Jul 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် သမဝါယမအသင်းစုတို့မှ နောင်မိုင်းမျိုးစေ့ ထုတ်လုပ်ရေးသမဝါယမအသင်းသားများသို့ မြို့နယ်သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော အသင်းသားများ၏ (၁၅၆) ဧကအတွက် (၃၁၂) သိန်းနှင့်ညီမျှသော သွင်းအားစုများနှင့် ရပ်စောက်မြို့နယ်သမဝါယမအသင်းမှ ထုတ်လုပ်သော စွမ်းထက်ဓာတ်မြေဩဇာများကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 24,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေး
Jul 24,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး
Jul 24,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယနေ့နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ (အမျိုးသား)နှစ်ယောက်တွဲ ပထမ၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များကျင်းပ
Jul 24,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖလား ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်နေ့မှစတင်၍ (အမျိုးသား)နှစ်ယောက်တွဲ ပထမ၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များ ကျင်းပလျက်ရှိသည်။
သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ဆက်လက်ထုတ်ပေး
Jul 24,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို (၂၁) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများကို မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပြီးစီး
Jul 24,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေးအတွက် မေလ(၂၀)ရက်နေ့ကစပြီး စဉ်ဆက်မပြတ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၃ ရက်နေ့ထိ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၂၄၇၃၄ သိန်း ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။