မိတ္ထီလာမြို့၌ သစ်တောထိန်းသိမ်း‌ရေးနှင့်သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မိတ္ထီလာ ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ သစ်တောထိန်းသိမ်းရေးနှင့်သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က အ.ထ.က(၂) ရတနာခန်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲလွင်က သစ်တောထိန်းခြင်းလုပ်ငန်းအကြောင်း အသိပညာပေးဟောပြောပြီး မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးကိုကိုမောင်က သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း၏ အကျိုးကျေးဇူးများအား ပရိုဂျက်တာဖြင့် ပြသအသိပညာပေးဟောပြောခဲ့ သည်။ ဆက်လက်၍ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာအသိပညာပေး ဗီဒီယိုကလစ်ကို ပြသအသိပညာပေးပြီးနောက် စိန်ပန်း၊ တမာ၊ စိန်တံခြူ၊ ဗာဒံ၊ တပေဘူတ အရိပ်ရပန်းမန်သစ်ပင် စုစုပေါင်း ၁၅ဝ ပင်ကိုကျောင်းဝန်းဧရိယာအတွင်း ခရိုင်သစ်တောဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူများ၊ ဝန်ထမ်းများက လက်တွေ့သရုပ်ပြစိုက်ပျိုးကြရာ ဆရာဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားက လက်တွေ့ပါဝင်စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ချမ်းသာ