သတင်းများ

ပြည်နယ်အဆင့် ပြေးခုန်ပစ်ပြိုင်ပွဲ၌ အောင်ပွဲရ အားကစားသမားများအား ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပ
Jul 24,2024
၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ၌ အောင်ပွဲရရှိခဲ့ကြသော ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်မှ အားကစားသမားများအား ကြိုဆိုဂုဏ်ပြုပွဲကို ဇူလိုင် ၂၂ ရက်နေ့ နံနက် ၈ နာရီက မြို့အဝင်လမ်းဆုံနေရာ၌ ကျင်းပခဲ့သည်။
ဘားအံ၌ အင်အား ၄၀၀ ကျော်ဖြင့် ရေဘေးသဏ္ဌာန်တူရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်
Jul 24,2024
ကရင်ပြည်နယ်သည် မြစ်ချောင်းအင်းအိုင်ပေါများပြီး နှစ်စဉ်မိုးရာသီရောက်တိုင်း ရေကြီးရေလျှံလေ့ရှိသည့်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍ ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ ကန်သာယာရေပြင်တွင် ရေးဘေးသဏ္ဌာန်တူရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို အင်အား ၄၀၀ ကျော်ဖြင့် ဆောင်ရွက်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့် ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း (၂၅)ကျောင်း ယာယီပိတ်ထားရ
Jul 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့်၍ ကျောင်းဝန်းများအတွင်း ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း (၂၅)ကျောင်းအား ဇူလိုင်လ (၂၂) ရက်နေ့က စတင်ယာယီပိတ်ထားခဲ့ရသည်။
ချောက်မြို့နယ်၌ (ဒုတိယအကြိမ်) စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 24,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ (ဒုတိယအကြိမ်)စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။     
အုတ်ဖိုမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအားထောက်ပံ့
Jul 24,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြစ်မခရေဝင်ရောက်မှုကြောင့် ဇူလိုင်လ ၂၂ ရက်နေ့က တက်ဆွဲကျေးရွာအုပ်စု၊ တက်ဆွဲကျေးရွာရှိ လူနေအိမ် (၆) လုံး မျောပါသွားမှုအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့်ထောက်ပံငွေပေးအပ်ခြင်းကို တောင်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယနေ့မွန်းလွဲပိုင်းက ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့သည်။
ဆိပ်ကြီးကျေးရွာ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို  တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ဦးဆောင်မှုဖြင့် ယနေ့‌နံနက်ပိုင်းက  ကံကြီးအုပ်စု၊ ဆိပ်ကြီးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် ယာယီရေဝင်ပြောင်းရွှေ့ တိရစ္ဆာန်များအား ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး
Jul 24,2024
စစ်ကိုင်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ စစ်ကိုင်းမြို့နယ် ယာယီရေဝင် ပြောင်းရွှေ့ ကျွဲ၊ နွား တိရစ္ဆာန်များအား ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို ဒါးဝယ်ဈေးရပ်ကွက်၊ ငါးထပ်ကြီးဘုရာဝင်းအတွင်း ဇူလိုင်(၂၄)ရက်၊ နံနက်(၁၀)နာရီက အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ တိုးပွားလာစေရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပတ်ဝန်းကျင်နှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပုသိမ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။