ရွှေတောင် ဇူလိုင် ၂၄
မြန်မာနိုင်ငံတစ်ဝန်းရှိစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ငွေကျပ်သိန်း (၁၅၀) ဖြင့် စာကြည့်တိုက်အသစ်တည်ဆောက်ဖွင့်လှစ်မည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာ စာကြည့်တိုက်မြေနေရာအား ယနေ့နံနက်ပိုင်းက ပန္နက်ရိုက်မင်္ဂလာ ပြုလုပ်ခဲ့သည်။
အဆိုပါ စာကြည့်တိုက် အသစ်တည်ဆောက်ဖွင့်လှစ်မည့်မြေနေရာအား ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်ဇော်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်နှင့် ကသစ်တိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးအောင်တို့က ပန္နက်ရိုက်မင်္ဂလာပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး တောင်လုံးညိုကျေးရွာရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ကျေးရွာစာကြည့်တိုက် အဆောက်အဦအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆောက်လုပ်ပြီးစီးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)