လှိုင် ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းများကို ယမန်နေ့နံနက်ပိုင်းက လှိုင်မြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေဆင့်ကျော်ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်သည့်အခြေအနေများ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ခံတွင်းသန့်ရှင်းရေးစသည်ဖြင့်လည်းကောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်သည့်အခြေအနေများ၊ ဆောင်ရန်၊ ရှောင်ရန်များ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ယမင်း (ပြန်/ဆက်)