ပင်းတယမြို့နယ်၌ အစေ့ထုတ်ပြောင်းစိုက်တောင်သူများ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိရန် မျှော်လင့်နေ

ပင်းတယ ဇူလိုင် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထား၍ အသက်မွေးဝမ်းကြောင်းပြုကြရာ အစေ့ထုတ်ပြောင်းစိုက်ပျိုးသည့် တောင်သူများအနေနဲ့ ပြောင်းအထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။

ပင်းတယမြို့နယ်အနီးရှိ ကျေးရွာများဖြစ်သည့် ရေဖြူ၊ ကျောက်တော၊ ရွှေပုထိုး၊ လယ်ပြင်၊ မိုင်းအင်အစရှိသည့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိရာ အစေ့ထုတ်ပြောင်းများကို မိုးဦးကာလဖြစ်သည့် မေလတတိယအပတ်တွင် စတင်စိုက်ပျိုးကြပြီး တစ်ဧကလျှင် ပြောင်းမျိုးစေ့တစ်ထုပ်နှုန်းဖြင့် စိုက်ပျိုးကြပြီး၊ စိုက်ပျိုးပြီး (၅)လမှ (၆)လအကြာတွင် စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ စတင်စိုက်ပျိုးသည့် အချိန်ကုန်ကြစရိတ်များသည့်အတွက် အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိရန်မျှော်လင့်နေကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)