ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အသက် ၁၆ နှစ်နှင့်အထက် တိုင်းရင်းသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၆၈) ရပ်ကွက်အတွင်းရှိ အသက် ၁၆ နှစ်နှင့်အထက် တိုင်းရင်းသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယနေ့နံနက် ၁၀ နာရီက အမှတ် (၆၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်လဝကမှူး ဦးမြင့်နိုင်နှင့် ဝန်ထမ်းများက အိမ်ထောင်စု (၆၇)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃က(၁၀)ကတ်နှင့် ၆က(၁၁၄)ကတ်အား ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)