ရှမ်းပြည်နယ်ဝန်ကြီးချုပ် မိုးရာသီ၌ တောင်ကြီး-အေးသာယာအတက်အဆင်းလမ်းတွင် သစ်ပင်စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇူလိုင် ၂၅

တောင်ကြီးမြို့ပေါ်ရှိ သစ်တောသစ်ပင်ချစ်မြတ်နိုးသူများ(တောင်ကြီးမြို့ မြေအောက်ရေဖြည့်တင်းရေးအထောက်အကူပြုအဖွဲ့)မှ ၂၀၂၄ ခုနှစ် မိုးရာသီ၌ တောင်ကြီးအေးသာယာအတက်အဆင်းလမ်းတွင် သစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးထားရှိမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီချုပ် ဦးအောင်အောင်၊ ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ မြေအောက်ရေဖြည့်တင်းရေးအထောက်အကူပြုအဖွဲ့ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် တောင်ကြီးမြို့ပေါ်ရှိ သစ်တောသစ်ပင်ချစ်မြတ်နိုးသူများအဖွဲ့မှ ချယ်ရီ (၁၂၅)ပင်၊ စကားဝါ (၁၁၅)ပင်၊ စိန်ပန်းပြာ (၁၁၅)ပင်၊ စိန်ပန်းနီ (၁၆၅)ပင်၊ ငုဝါ (၁၁၅)ပင်၊ ငုစပ်ချယ်ရီ (၁၆၅)ပင်၊ ပျဥ်းမ (၄၀)ပင်၊ ပြည်လုံးချမ်းသာ (၂၀)ပင်၊ ထင်းရှူး (၅၄၀)ပင် စုစုပေါင်း (၁၄၀၀)ပင် စိုက်ပျိုးပေးခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)