သတင်းများ

ကချင်ပြည်နယ်အစိုးရအဖွဲ့က တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိခဲ့သော ပြည်နယ်ဘောလုံးအသင်းအား သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု
Aug 11,2024
နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အသက် (၂၁)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားနှင့် အကောင်းဆုံးကစားသမားဆု(၂)ဆုကို ဆွတ်ခူးရရှိခဲ့သော ကချင်ပြည်နယ်ဘောလုံးအသင်းသည် တံခွန်စိုက်ဆုဖလားနှင့်အတူ ယမန်နေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာရာ လေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များ၊ ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့်အတူ အောင်သပြေ၊ ပန်းကုံးတို့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ဘားအံမြို့တွင် MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချ ဆန္ဒထုတ်ဖော်
Aug 11,2024
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသောအကြမ်းဖက် MNDAA သောင်းကျန်းသူများနှင့် အပေါင်းအပါအဖွဲ့အစည်းများအား ဆန့်ကျင်ရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ နာရီစင်၌ စုရုံး၍ ဒေသခံပြည်သူ ၆၅၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ ၌ကျင်းပခဲ့သည်။
ပခုက္ကူမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ပြီး လက်ကမ်းစာစောင် ဖြန့်ဝေ
Aug 11,2024
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကွင်းဆင်းဆောင် ရွက်ကြသည်။    
တပ်ကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ
Aug 11,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေး ဆရာချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် “ဘယ်လိုလုပ်ကြမလဲနှင့်အခြားဆောင်းပါးများ” စာအုပ်ကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင် ကျင်းပခဲ့သည်။
တံတားဦးမြို့နယ်တွင် အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲကျင်းပ
Aug 11,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် အခြေခံပညာဦးစီးဌာနမှ ဖွင့်လှစ်သော အခမ်းအနား မှူးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Aug 11,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ ပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ်တွင်  ရေကြီးနစ်မြုပ်ပျက်စီးမှုကြောင့် ပြန်လည်စိုက်ပျိုးနေမှုအားကြည့်ရှု
Aug 11,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများသည် ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ရေကြီးနစ်မြုပ်ပျက်စီးမှုကြောင့် ပြန်လည်စိုက်ပျိုးနေမှုအား ကြည့်ရှုအား‌ပေးခဲ့ကြောင်းသိရသည်။