ပခုက္ကူမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ပြီး လက်ကမ်းစာစောင် ဖြန့်ဝေ

ပခုက္ကူ ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကွင်းဆင်းဆောင် ရွက်ကြသည်။    

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်နုနုဝင်းနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မြေပြိုခြင်း၊ တောင်ပြိုခြင်းနှင့်ရေကြီးခြင်းများအပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ ဘေးအန္တရာယ်အမျိုးအစားအလိုက် အရောင်းစနစ်ဖြင့် သတိပေးချက်များ၊ ဘေးအန္တရာယ်ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်လိုက်နာ ဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များအကြောင်းတို့ကို ပြည်သူများသိရှိနားလည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေး အသိပညာပေးလိုက်လံနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)