သတင်းများ

တပ်ကုန်းမြို့နယ် သံခဲတောင်ကျေးရွာတွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော
Aug 11,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာ အုပ်စု၊ သံခဲတောင်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ် ခင်တန်းကျေးရွာဘဝအဖော်မွန်စာကြည့်တိုက်၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ
Aug 11,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ခင်တန်းကျေးရွာ ဘဝအဖော်မွန်စာကြည့်တိုက်၌ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအားစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာစာကြည့်တိုက်၌ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်၌ မိုးစပါးများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ
Aug 11,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးထားသောမိုးစပါးများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေး ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ ပူးပေါင်းကြိုးပမ်းလျက်ရှိရာ မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Aug 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ ကျောင်းများငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်   ၉ နာရီက ဗိုလ်တထောင်မြို့နယ်အမှတ်  (၄)အခြေခံမူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့၌ မိုးစပါးရေကြီးနစ်မြုပ်ဧကများအတွက် မျိုးစေ့နှင့် မြေဩဇာများထောက်ပံ့
Aug 11,2024
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ချမ်းသာကုန်းကျေးရွာအုပ်စု မိုးစပါးရေကြီးနစ်မြုပ် ပျက်စီးဧကများအတွက် မျိုးစေ့နှင့် မြေဩဇာများထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် သင်္ဃန်းကျွန်းမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ ဟောပြောပွဲအား အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ သမဝါယမအသင်းဖွဲ့စည်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Aug 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဖကျောက်ကျေးရွာ၌ သမဝါယမအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ယမန်နေ့က သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာနွယ်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ
Aug 11,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဥပ္ပါတသန္တိ ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် ယမန်နေ့မွန်းလွဲ ၃ နာရီကကျင်းပရာ အောင်မြေသာစံမြို့နယ်၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌအမှူးပြုသော ဆရာတော်၊ သံဃာတော် ၁၀ ပါး ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးသာသနာရေးမှူးနှင့် ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ဝတ်အသင်းများ တက်ရောက်ကြည်ညိုကြသည်။