သတင်းများ

လဲချားမြို့နယ်တွင် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဥ် ၂/၂၀၂၄ ဆင်းပွဲအခမ်းအနား ကျင်းပ
Aug 12,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဥ် ၂/၂၀၂၄ ဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်းသင်တန်းခန်းမ၌ ကျင်းပခဲ့ပါသည်။
ဇေယျာသီရိမြို့နယ်၌ စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Aug 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်နှင့် တီရှပ်အင်္ကျီများ ဖြန့်ဝေပေး
Aug 12,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်နှင့် တီရှပ်အင်္ကျီများ ဖြန့်ဝေခြင်းကို ဩဂုတ် ၁၀ ရက် နံနက် ၈ နာရီအချိန်က မြို့မဈေးကြီး အရှေ့ဘက်လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေပေးခဲ့သည်။
ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာ၌ ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Aug 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘုရားကုန်းကျေးရွာ၌ ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပခဲ့သည်။
ကျောင်းများငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Aug 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ ကျောင်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီက ဗိုလ်တထောင်မြို့နယ် အမှတ် (၄)အခြေခံမူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စုအတွင်းမှ ပြည်သူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေးကုပေး
Aug 12,2024
နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ပင်လုံမြို့တွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာ(မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ
Aug 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်မည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး‌ရေး‌ဆောင်ရွက်သည့် လူသုံးကုန်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ မွမ်းမံသင်တန်းဆင်းပွဲကို ပင်လုံမြို့၊ ပင်လုံအရှေ့ကျေးရွာအုပ်စု ဝမ်အဲင်ကျေးရွာခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ချည်မျှင်ရှည်ဝါတိုးတက်ထုတ်လုပ်မှုစီမံကိန်း မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပံ့ပိုးပစ္စည်းများပေးအပ်
Aug 12,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်မှု စီမံကိန်း မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပံ့ပိုးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။