ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ်တွင်  ရေကြီးနစ်မြုပ်ပျက်စီးမှုကြောင့် ပြန်လည်စိုက်ပျိုးနေမှုအားကြည့်ရှု

မင်းလှ ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများသည် ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ရေကြီးနစ်မြုပ်ပျက်စီးမှုကြောင့် ပြန်လည်စိုက်ပျိုးနေမှုအား ကြည့်ရှုအား‌ပေးခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဝက်လှကြီးအုပ်စု၊ ဝက်လှကြီးကျေးရွာအနီး ဦးပိုင်အမှတ် (၃၆)၊ ကွင်းအမှတ် (၁၁၀၅ w) ၊ တောင်သူ‌ဒေါ်အေးမြင့်၏ လယ်မြေ (၅) ဧက၌ ရေကြီးနစ်မြုပ်ပျက်ဆီးမှုကြောင့် လက်စွဲ‌ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ (Drum Seeder) တို့ဖြင်တောင်သူများက မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့၏ စိုက်ပျိုးနည်းပညာအကူအညီဖြင့် ရက်ကိုးဆယ်စပါးမျိုး ပြန်လည်စိုက်ပျိုးနေမှုကိုကြည့်ရှုခဲ့၍ တောင်သူများကို အားပေးစကားပြောကြား‌ကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)