နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်သာယာလှပရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် အများသုံးသန့်စင်ခန်း ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
Aug 11,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းနှင့် ဦးကျော်ထွန်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုကားလမ်းဘေးရှိ မင်္ဂလာကန်သို့ သွားရောက်၍ ကန်ပတ်လမ်း တစ်လျှောက်သာယာလှပရေးအတွက် မြေယာရှုခင်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အရိပ်ရပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် မင်္ဂလာကန်သို့ အပန်းဖြေ လာရောက်ကြသည့် အများပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် Linn IT Solutions Co.,Ltd မှ ဆောက်လုပ်လှူဒါန်းသည့် အများသုံးသန့်စင်ခန်း ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က အပန်းဖြေလာရောက်သူများ အပူဒဏ်မှကာကွယ်နိုင်ရန်အတွက် အရိပ်ရပင်များ ထပ်တိုးစိုက်ပျိုးရန်နှင့် မင်္ဂလာကန်၏ရေပြင်အား အမြဲကြည်လင်သန့်ရှင်းစေရန်အတွက် အမှိုက်သရိုက်များကို အထူးဂရုပြုရှင်းလင်းကြရန် မှာကြားသည်။