တံတားဦး ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် အခြေခံပညာဦးစီးဌာနမှဖွင့်လှစ်သော အခမ်းအနား မှူးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီကတံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါဝင်းက အမှာစားပြောကြားရာတွင် အခမ်းအနားများတွင် ဆောင်ရွက်ရမည့် လုပ်ထုံး၊ လုပ်နည်းနှင့်အညီ ဆောင်ရွက်တတ်စေရေး၊ အခမ်းအနားများပြုလုပ်ရာတွင် အရည်အချင်းပြည့်ဝသော အခမ်း အနားမှူးများအား ပေါ်ထွန်းလာစေရေး၊ အခမ်းအနားများတွင် လေ့ကျင့်ပြုစုပျိုး ထောင်ပေးထားသော သင်တန်း ဆင်းအခမ်းအနားမှူးများမှတဆင့် ကျန်ရှိသော ဆရာ/ဆရာမများက အတုယူတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်သွယ်သွယ်ဝင်းက သင်တန်း၏ စည်းမျဉ်းစည်းကမ်းများကို ပြောကြားသည်။
ဆက်လက်၍ အခမ်းအနားမှူးသင်တန်းကို နည်းပြဆရာမများက စာတွေ့လက်တွေ့သင်ကြားပေးသည်။ အဆိုပါသင်တန်းသို့ တံတားဦးမြို့နယ် အခြေခံပညာဦးစီးဌာနမှ ဆရာမ(၁၀)ဦးတက်ရောက်ကြပြီး သင်တန်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လ(၁၁)ရက်နေ့မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၈)ရက်နေ့အထိ တနင်္ဂနွေနေ့တိုင်း နံနက်(၉)နာရီမှ နံနက်(၁၁)နာရီအချိန်ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)