သတင်းများ

ပွင့်ဖြူမြို့နယ် ရွာသာယာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Aug 11,2024
‌မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ရွာသာယာကျေးရွာ၌ ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Aug 11,2024
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ အ.ထ.က(၂)ကျောင်းဝန်းအတွင်းနှင့် လမ်းဘေးဝဲယာတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် စာကြည့်တိုက်များ ဆောက်လုပ်မှုအား ကွင်းဆင်းကြည့်ရှု
Aug 11,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်ဆောက်လုပ်ခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲကျင်းပ
Aug 11,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နေ့လယ်(၁)နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲကျင်းပခဲ့သည်။
မိုင်းခတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မိုင်းခတ်မြို့နယ်၊ မြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မိုးညိုမြို့နယ်၌ အဖြူရောင်မေတ္တာ ပရဟိတအသင်းမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း
Aug 11,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ဒေါပုံမြို့နယ် အဖြူရောင်မေတ္တာ ပရဟိတအသင်းသား/အသင်းသူများက နေအိမ်များသို့ သွားရောက်၍ ယမန် နေ့က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးအသင်း အောင်နိုင်ရေး အလံပေးအပ်
Aug 11,2024
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျိုင်းတုံမြို့နယ် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယမန်နေ့က ကျိုင်းတုံမြို့မအားစကား ကွင်း၌ ကျင်းပခဲ့သည်။
ကုန်းပတ်သင်္ဘောသား အခြေခံလက်တွေ့သင်တန်း အမှတ်စဉ်(၃) ဖွင့်လှစ် 
Aug 11,2024
ကုန်းပတ်သင်္ဘောသား အခြေခံလက်တွေ့သင်တန်းအမှတ်စဉ်(၃)ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ်ရာသင်တန်းသား(၄၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။ “သင်္ဘောသားတစ်ယောက်လုပ်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်သလဲ။ သင်္ဘောပေါ်ရောက်ရင် ဘယ်လိုမျိုးတွေလုပ်ဆောင်ရမယ်‌ဆိုတာတွေကို သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်။ သင်္ဘောတက်မယ့်သူတွေအနေနဲ့ အလုပ်ကိုကျွမ်းကျွမ်းကျင်ကျင် မလုပ်နိုင်ဘူးဆိုရင် သင်္ဘောတက်မယ့်နေရာမှာ အဆင်မပြေဖြစ်မယ်။ အင်တာဗျူးလုပ်မယ့် အခါကျရင်လည်း အဆင်ပြေစေဖို့ပါ။ အဖွဲ့ချုပ်ရဲ့ ချမှတ်ထားတဲ့အချက်တွေကိုလည်း အလုပ်အမှုဆောင်အဖွဲ့က ဖြည့်ဆည်းပေးတဲ့သဘောပါ” ဟု မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကပ္ပတိန်စိုးမင်းအောင်က ပြောသည်။