အုတ်တွင်းမြို့နယ် ခင်တန်းကျေးရွာဘဝအဖော်မွန်စာကြည့်တိုက်၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ

အုတ်တွင်း သြဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ခင်တန်းကျေးရွာ ဘဝအဖော်မွန်စာကြည့်တိုက်၌ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအားစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာစာကြည့်တိုက်၌ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက အမှာစကားပြောကြားခဲ့ပြီး အခြေခံပညာမူလတန်း(လွန်) ခင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ(၆၀) ဦးဝင်ရောက် ယှဥ်ပြိုင်ကြသည်။

ဆက်လက်၍ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရရှိသော ကျောင်းသား/ ကျောင်းသူများ အား တာဝန်ရှိသူအသီးသီးမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့်စိတ်ကြိုက်ပန်းချီပြိုင်ပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ ရပ်မိရပ်ဖများမှ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)