ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံအရှေ့ ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် သင်္ဃန်းကျွန်းမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ ဟောပြောပွဲအား အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ဟောပြောရာတွင် သင်္ဃန်းကျွန်းမြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အနာဂတ်ကျောင်းသားလူငယ်များအတွင်း သစ်တောသစ်ပင်များအား ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများအား ကာကွယ်ထိန်းသိမ်းတတ်စေရန်၊ သစ်တောထွက်သယံဇာတပစ္စည်းများအား စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်စေရန်တို့ကို ရည်ရွယ်၍ သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းစောင့်ရှောက်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါအခမ်းနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်း သား၊ကျောင်းသူများက သိရှိလိုသည်များအား သစ်တောဦးစီးဌာနမှ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ(ပြန်/ဆက်)