ဗိုလ်တထောင် ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ ကျောင်းများငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ဗိုလ်တထောင်မြို့နယ်အမှတ် (၄)အခြေခံမူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် သဘာပတိဦးတင်အောင်၊ ဒုမြို့နယ်ပညာရေးမှူး ဦးဉာဏ်သိန်းအောင်တို့ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဦးစီးအရာရှိ ဒေါ်စန်းစန်းအေးကသမဝါယမလုပ်ငန်းစဉ်များ၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောပြီး အသင်းအမှုဆောင်အဖွဲ့က အသင်း၏ လုပ်ငန်းအခြေအနေများကို အသင်းသားများသို့ ချပြရှင်းလင်း၍ သဘောတူညီချက်ရယူခဲ့သည်။
ထို့နောက်အသင်းသား၂၅၂ ဦးအား ယခုဘဏ္ဍာနှစ်တွင် အသင်းသားလက်ဆောင်များပေးခြင်း၊ စုဆောင်းငွေအပေါ်အတိုးများပေးခြင်းနှင့် ပညာရေးထောက်ပံ့ငွေများ ပေးအပ်နိုင်ခဲ့ခြင်း၊ အသင်းသားများ၏ သား/သမီးများမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်သူများကိုလည်း ပညာရည်ချွန်ဆုများပေးအပ်ခဲ့ပြီး ယခုနှစ်တွင်အသင်းသားများအား ပေးအပ်ငွေစုစုပေါင်း မှာ ၁၄ ၇ ဒသမ ၉၄၁၂၃ သိန်းကို ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)