လက်ပံတန်းမြို့၌ မိုးစပါးရေကြီးနစ်မြုပ်ဧကများအတွက် မျိုးစေ့နှင့် မြေဩဇာများထောက်ပံ့

လက်ပံတန်း        ဩဂုတ်      ၁၁

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ချမ်းသာကုန်းကျေးရွာအုပ်စု မိုးစပါးရေကြီးနစ်မြုပ် ပျက်စီးဧကများအတွက် မျိုးစေ့နှင့် မြေဩဇာများထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းသာကုန်းကျေးရွာအုပ်စုမှ   မိုးစပါးရေကြီးနစ်မြုပ်ဧကများအတွက် တစ်ဧကလျှင် ရက် ၉၀ စပါးမျိုး တစ်တင်းခွဲ တစ်အိတ်နှင့် ပုလဲဓာတ်မြေဩဇာ ၅၀ ကီလိုဂရမ်တို့ကို တောင်သူ ၁၉ ဦးအား ထောက်ပံ့ပေးအပ်ရာ ကျေးရွာ တောင်သူများက လက်ခံရယူခဲ့သည်။

ထို့နောက်  ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းသာကုန်းကျေးရွာ တောင်သူ ဦးအောင်ဝင်း၏ လယ်မြေတွင် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် စပါးများအစား ပြန်လည်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)