တပ်ကုန်း ဩဂုတ် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာ အုပ်စု၊ သံခဲတောင်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ရွှေမြို့နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းနိုင်ဝင်းက အကြမ်းဖက်အဖွဲ့ အစည်းများနှင့် ပါဝင်ပတ်သက်မှုမရှိစေရေး၊ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေများနှင့် ပတ်သက်၍ ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူမှုကွန်ရက် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများ မဖြစ်ပေါ်စေရေးတို့ အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများခဲ့ကြောင်း၊ ဟောပြောပွဲသို့ ကျေးရွာတာဝန်ခံနှင့် ရွာသူ/ရွာသားများ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်