သတင်းများ

အမရပူရမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး‌ဟောပြောပွဲကျင်းပ
Aug 15,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၉နာရီက အမရပူရမြို့နယ်ရှိ တောတွင်ကျေးရွာအုပ်စု၊ စာကလေးအင်းကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်၌ ကျင်းပခဲ့သည်။
ဟိုပုံးမြို့ လူထူအခြေပြုဗဟိုဌာနတွင် ကျွမ်းကျင်မှုရှိပြီး အရည်အသွေးပြည့်ဝသည့် သတင်းသမားကောင်းများ ပေါ်ထွန်းလာစေရေး သတင်းရေးသားရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း (၂/၂၀၂၄) ဖွင့်လှစ်
Aug 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့ရုံးမှ ဝန်ထမ်းများအား ကျွမ်းကျင်မှုရှိပြီး အရည်အသွေးပြည့်ဝသည့် သတင်းသမားကောင်းများ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ သတင်းရေးသားရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း (၂/၂၀၂၄) ကို ယမန်နေ့နံနက်ပိုင်းမှစ၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်၊ ထန်းကုန်းအခြေခံပညာ မူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်
Aug 15,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများအား အသိပညာပေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့၊ နံနက်ပိုင်းက ထန်းကုန်းအခြေခံပညာ မူလတန်းလွန်ကျောင်းတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား စာအုပ်၊ စာပေဖတ်ရှုနိုင်စေရေး၊ မူးယစ်ဆေးဝါးအကြောင်းနှင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း ပထမဦးစားပေးကျေးရွာဖြစ်သည့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာ မြေငှားဂရန်ထုတ်ပေးမှုအခမ်းအနား ကျင်းပ
Aug 15,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း ပထမဦးစားပေးကျေးရွာဖြစ်သည့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာ မြေငှားဂရမ်ထုတ်ပေးမှုအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့နယ် သရက်ပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 15,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သရက်ပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟု သုတများပိုမိုရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း စာသင်ဆောင်တွင် ကျင်းပခဲ့သည်။
ညောင်လေးပင်မြို့နယ်တွင် တောင်သူပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်
Aug 15,2024
ပဲခူးတိုင်းဒေသကြီ၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရဲနွယ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့၊ မြို့မ အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ
Aug 15,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက လူငယ်များ စာပေဖတ်ရှုမှုတိုးတက်မြင့်မားလာစေရန်အတွက်  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများ ကျင်းပခဲ့သည်။
ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ တစ်လစာလျှပ်စစ်မီးထွန်းပူဇော်ရန် စင်္ကာပူနိုင်ငံမှ အလှူရှင်မိသားစုက အလှူငွေကျပ် ၂၁ သိန်း လာရောက်လှူဒါန်း
Aug 15,2024
ပြည်မြို့လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တစ်ခုလုံး၌ တစ်လစာ လျှပ်စစ်မီးထွန်း ပူဇော်ရန်အတွက် စင်္ကာပူနိုင်ငံမှ အလှူရှင် Zi Ning Yang နှင့် Zi Xuan Yang မိသားစုတို့က လျှပ်စစ်မီးအလှူ‌တော်ငွေ (နှစ်ဆယ့်တစ်သိန်း) ကျပ်တိတိကို ဩဂုတ် ၁၃ ရက်နေ့နံနက်ပိုင်းက ရွှေဆံတော်ဂေါပကအဖွဲ့ရုံးသို့ သဒ္ဓါတရားထက်သန်စွာ လာရောက်လှူဒါန်းကြောင်း သိရသည်။