ညောင်လေးပင်မြို့နယ်တွင် တောင်သူပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်

ညောင်လေးပင် ဩဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီ၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရဲနွယ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတောင်သူပညာပေးဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းထွေးက တောင်သူပညာပေးဆွေးနွေးပွဲ ရည်ရွယ်ချက်ို ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူ ဦးထွန်းထွန်းခိုင်က ရဲနွယ်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင်လယ် (၄၄၉) ဧက၏ မိုးစပါးစိုက်ခင်းများတွင် ပိုးမွှားရောဂါများ ကြိုတင်ကာကွယ်ရန် အသိပညာပေးဟောပြောခဲ့ပါသည်။

ဆက်လက်၍ တောင်သူပညာပေးဆွေးနွေးပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် နယ်မြေစခန်းတာဝန်ခံ၊ တောင်သူလယ်သမားများ ဦးရေ(၅၀)ကျော် တတ်ရောက်ခဲ့ကြပြီး ပိုးမွှားရောဂါများ ကြိုတင်ကာကွယ်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)