သတင်းများ

တောင်တွင်းကြီးမြို့နယ်၌ စာအုပ်စာစောင်ပြပွဲ ကျင်းပ
Aug 15,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမတွင် ယမန်နေ့နေလယ် (၁)နာရီခွဲအချိန်က စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှုနှင့် အသိပညာပေးဟောပြောပွဲကျင်းပ
Aug 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှုနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ပတ္တမြားခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Aug 15,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေးဆွေးနွေးပွဲအခမ်းအနား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကျင်းပ
Aug 15,2024
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှကြီးမှူး၍ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စည်ပင်လမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Aug 15,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြော ကျဉ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး တာဝန်ရှိသူများမှ နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Aug 15,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ကျေးရွာနေပြည်သူများ အားလပ်သည့်အချိန် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရေး၊ စာဖတ်ရှိန်မြင့်မားလာစေရေးနှင့် စာအုပ်စာပေများမှ ရရှိသည့် အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပွေးလှကျေးရွာအတွင်းရှိ "ပညာပျိုးခင်း" စာကြည့်တိုက်အား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Aug 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နံနက်(၉) နာရီ (၃၀)မိနစ်အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့၌ “လူငယ်ရေးရာ” နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသ
Aug 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာရိတ္တကောင်းမွန်စေရန်ရည်ရွယ်၍ “လူငယ်ရေးရာ” ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ် စာစောင်များပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်သည်။