ဟိုပုံး ဩဂုတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့ရုံးမှ ဝန်ထမ်းများအား ကျွမ်းကျင်မှုရှိပြီး အရည်အသွေးပြည့်ဝသည့် သတင်းသမားကောင်းများ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ သတင်းရေးသားရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း (၂/၂၀၂၄) ကို ယမန်နေ့နံနက်ပိုင်းမှစ၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက သင်တန်းဖွင့်လှစ်ပို့ချရသည့်ရည်ရွယ်ချက်နှင့် သင်တန်းသားများအားလုံး သင်တန်းတွင် စိတ်ပါဝင်စားစွာ ကြိုးစားသင်ယူကြရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းအား သြဂုတ်လ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ သင်တန်းနည်းပြ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းနှင့် ဟိုပန်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းသိန်းအောင်တို့က စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးလျက်ရှိရာ သင်တန်းသို့ ဟိုပုံးမြို့နယ်၊ ပင်းလောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်တရားမြို့၊ မင်းတပ်မြို့နှင့် နမ္မတူမြို့နယ်ရုံးတို့မှ စုစုပေါင်း ဝန်ထမ်း (၁၃) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)