လယ်ဝေး သြဂုတ် ၁၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက လူငယ်များ စာပေဖတ်ရှုမှုတိုးတက်မြင့်မားလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမြတ်ခိုင်က လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအား ကျောင်းသား၊ ကျောင်းသူလူငယ်လေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အိအိငြိမ်းဖြူ(ပြန်/ဆက်)